
မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးဈေးများ မြင့်တက်လျှက်ရှိပါသည်။ မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီး ဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိခဲ့ ပါသည်။ မေလဆန်းပိုင်းတွင် ရောင်းချသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီး တစ်ပိဿာလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀/၂၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခုဇူလိုင်လဆန်းပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ခရမ်းချဉ်သီးဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)