![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉_0.jpg?itok=vQcyXQPH)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှစတင်၍ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ၊ ဧရာဝတီပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ၊ ရက်-၉၀(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၁၀.၈.၂၀၂၂ ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်)အိတ်ရေ (၇၄၁)အိတ်၊ ကြားပျံ (ရှယ်)အိတ်ရေ (၅၆၂)၊ ဧရာဝတီပေါ်ဆန်း(ရှယ်)အိတ်ရေ (၅၂၂)၊ ရက် ၉၀ (ရှယ်)အိတ်ရေ (၄၅၀)အိတ်၊ ဆန်အမျိုးအစားအလိုက် အိတ်ရေစုစုပေါင်း (၂၂၇၅)ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)