တနင်္သာရီတိုင်းဒေသကြီးတွင် Thursday Talk အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီး မှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

    အဆိုပါ Thursday Talk ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်မီမီဇော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး (၁၅း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)