ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

Powered by Drupal

            ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များတွင် စိုက်ပျိုးလျက်ရှိပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း) ဖီးကြမ်း(ငှက်ပြာ) ကသည်း ငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီးဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် (၁၅၀၀/၂၀၀၀/၂၅၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) တစ်ဖီးလျှင် (၃၅၀၀/၃၀၀၀ )ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက် ပျော တစ်ဖီးလျှင် (၂၀၀၀/၂၅၀၀) ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)