ကျွန်းလှမြို့နယ်တွင် ရောင်းချနေသော သကြားသရက်သီးအမှည့် ဈေးနှုန်း

Powered by Drupal

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သကြားသရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)