
ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများအနေဖြင့် ဗီးယားငါး(အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၃၀၀၀)၊ လက်လီဈေး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် တီလားဗီးယား ငါးအသေး လက္ကား(၁) ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ် သား လျှင် (၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) (၂၅)ကျပ် သားလျှင် (၃၀၀၀) ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)