
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ငရုပ်သီးစိမ်း၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးတို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင်(၇၀၀/၈၀၀/၅၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ် ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၈၀၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀၀) ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင် (၈၀၀၀/၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)