မုံရွာမြို့၊ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးတွင် ရောင်းချနေသော သင်္ဘောသီးဈေးနှုန်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ ယခုအခါ မိုးရာသီတွင် အများအပြားထွက်ရှိသော သင်္ဘောသီးများလည်း အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရပါသည်။  သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ်နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြပြီး    ဇူလိုင်လ ပထမပတ် တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၁၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)