
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် မုံရွာမြို့နှင့် အနီးတစ်ဝိုက်ရှိ စားဖိုဆောင် သီးနှံစိုက်ပျိုးတောင်သူများမှ လာရောက်၍ ဇူလိုင်လ ပထမပတ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် ဖရဲသီးနု ( ၁၀)ကျပ်သားလျှင် ( ၅၀၀)ကျပ်၊ ခရမ်းသီး ( ၂၅)ကျပ်သားလျှင် ( ၇၀၀)ကျပ်၊ ခဝဲသီး ( ၂၅) ကျပ် သားလျှင် ( ၈၀၀)ကျပ်၊ ကင်းမွန်းရွက် ( ၃)စည်းပါ တစ်ထုပ်လျှင် ( ၅၀၀)ကျပ်၊ ဟင်းနုနွယ် ( ၁၀) ကျပ်သားလျှင် ( ၆၀၀) ကျပ်၊ ချဉ်ပေါင်ခါး ( ၂) စည်း လျှင် ( ၅၀၀)ကျပ်၊ ချဉ်ပေါင် ( ၁ )စည်းလျှင် ( ၂၀၀)ကျပ်၊ အိုးမုန့်ညှင်း ( ၁ )စည်းလျှင် ( ၃၀၀)ကျပ်၊ ( ၂ )စည်းလျှင် ( ၅၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ( ၁) ဘူးလျှင် ( ၇၀၀)၊ ဗမာ သံပရာသီး တစ်လုံးလျှင် ( ၁၅၀) ကျပ်၊ သံပယိုသီး ( ၁ )လုံးလျှင် ( ၂၀၀)ကျပ်၊ ရှောက်သီး တစ်လုံးလျှင် ( ၁၀၀၀)ကျပ်၊ ခါကြက်ဥ ( ၁၀)ကျပ်သားလျှင် ( ၈၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက် ရှိရာ ဈေးအနည်ငယ် မြင့်တက်လာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)