
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ ပထမပတ်တွင် ရောင်းချ နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ )ပိဿာလျှင်( ၃၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်) ( ၁ )ပိဿာလျှင် ( ၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၄၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)