The ASEAN Guidelines on Consumer Protection in E-commerce နှင့် The ASEAN Guidelines on Consumer Impact Assessment (CIA) တို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

         Validation Workshop for the Development of the ASEAN Guidelines on Consumer Protection in E-commerce နှင့် the ASEAN Guidelines on Consumer Impact Assessment (CIA) အား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ အာဆီယံ စားသုံးသူကာကွယ်ရေး ကော်မတီဥက္ကဌဖြစ်သူ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အာဆီယံ E-commerce ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဌ၊ အာဆီယံစားသုံးသူ ကာကွယ်‌ရေး ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် GIZ မှ တာဝန်ရှိသူ Ms.Sita Zimple၊  ကျွမ်းကျင်ပညာရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံ စားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၅) အရ ၂၀၂၂ ခုနှစ်အတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် The ASEAN Guidelines on Consumer Protection in E-commerce နှင့် The ASEAN Guidelines on Consumer Impact Assessment (CIA) တို့ နှင့်စပ်လျဉ်း၍ ထည့်သွင်းရမည့်အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 Source : DOCA (ASEAN)