သထုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် တွဲဖက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ သထုံမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ (၈.၇.၂၀၂၅) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းနှင့်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ သထုံမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များ၌ အရောင်းအဝယ်အခြေအနေများအား သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)