“တံတားဦးမြို့ပေါ်ရှိဆီစက်များအားကွင်းဆင်း”

Powered by Drupal

    ပြည်တွင်းစားသုံးဆီဖူလုံမှုနှင့်ပြည်ပမှစားသုံးဆီများတင်သွင်းမှုတို့ကို ညီညွတ်မျှတစွာ တွက်ချက်လုပ်ဆောင်နိုင်ရေးအတွက် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ(၁၀)ရက်နေ့တွင် တံတားဦးမြို့နယ်ရှိ ဆီစက်များအား သီးနှံအမျိုးအစားအလိုက် ကုန်ကြမ်း၊ကုန်ချောသိုလှောင်နိုင်မှုအခြေအနေနှင့်သိုလှောင်နိုင်မှုပမာဏ၊ (၁)လကြိတ်ခွဲနိုင်မှုအခြေအနေများအား သိရှိရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ယခုအချိန်တွင် တံတားဦး မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း ၊ မြေပဲ နှင့် နေကြာသီးနှံများ ထွက်ပေါ်နေပြီး လျှပ်စစ်မီးမှာလည်း ယခင်ထက်စာလျှင် ပိုမိုရရှိခြင်းတို့ကြောင့် ဆီစက်များမှာလည်း ရာသီချိန်၌ ယခင်ထက်စာလျှင် ပိုမိုလည်ပတ်နိုင်ကြောင်း သိရှိရပြီး တံတားဦးမြို့နယ် ၌ဆီထွက်သီးနှံကြိတ်ခွဲသည့်စက်(၇)လုံးရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)