ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

     ၁၁.၇.၂၀၂၅ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစု ရပ်ကွက်ရှိ သီရိမြိုင်(၅)လမ်း၊ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ဝယ်ယူတတ်စေရန် အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)