ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ ပေါင်မြို့နယ်တာဝန်ခံ တက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ၁၁.၇.၂၀၂၅ ရက်နေ့ ၊နေ့လယ်  (၁၄:၀၀)နာရီက ကန်ဖြူကျေးရွာ၊ ကျေးလက်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ် ဌာနဆိုင်ရာ များ၊ သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။

    ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည် ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါ သင်တန်းကို သင်တန်းဆရာ (၂)ဦး၊ သင်တန်းသား (၁၀)ဦးတို့ဖြင့် (၇)ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)