မုဒုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင် ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

     ဟောပြောပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ အထ္တုပ္ပတ္တိ၊ အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/ သူများက ခေါင်းစဥ်အလိုက် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/သူအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများကဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

    ဆက်လက်၍ အာဇာနည်နေ့အကြောင်းနှင့် အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ တက်ရောက်ကြသည့် ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)