
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်)လက္ကားဈေး တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) လက်လီဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)လက္ကားဈေး တစ်ပိဿာ လျှင်(၁၈၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့ပါ) လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် (၅၀) ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)