ဇူလိုင်လပထမပတ်တွင် ခရမ်းကစော့သီးများ လှိုင်လှိုင်ဝင်ရောက်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် ခရမ်းကစော့ပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်း ပင်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချနေသော ခရမ်းကစော့သီး ဈေးနှုန်းများအနေဖြင့် ( ၁)ဘူးလျှင် ( ၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပြည်လျှင် ( ၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လှိုင်လှိုင်ဝင်ရောက်၍ အရောင်းသွက်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)