
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် ကျောက်ဖရုံယို(၂၅) ကျပ်သား လျှင်(၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် လက္ကား တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ချစ်တီးမုန့် လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ချစ်တီးမုန့် (၅၀)ကျပ် သားလျှင်(၉၀၀၀)ကျပ်နှင့် ချစ်တီးမုန့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)