
ယခု ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ရောင်းချနေသော ကြံသကာ လက္ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၃၀၀ ကျပ်၊ ကြံသကာ လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၃၅၀၀ ကျပ်နှင့် (၂၅)ကျပ်သားလျှင် ၁၈၀၀ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ လက်က္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ သကြားခွေ လက်လီ တစ်ပိဿာ လျှင် (၇၅၀၀)ကျပ်၊ သကြားခွေ(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် သကြားခွေ(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များ ထံမှသိရသည်။
DOCA(စစ်ကိုင်း)