
ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်းဧကတစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ဒေသထွက် လက်ဖက်စိုကို မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများလည်းရှိသည်။ လက်ဖက်ခြောက်အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နှင့် လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်ရောင်းချကြောင်း၊ရေသန့်ဘူးနှင့်လည်းရောင်းချလျက်ရှိပြီး ဘူးအလတ် တစ်ဘူးလျှင် ကျပ် ၃၀၀၀ခန့်ရှိ ကြောင်းသိရသည်။ ဒေသထွက်လက်ဖက်များကို ခန္တီး၊ ဖောင်းပြင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ်တစ်လျှောက်မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။
DOCA(စစ်ကိုင်း)