မြင်းခြံမြို့၏စက်သုံးဆီ ဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်လျက်ရှိကြောင်း  သိရှိရသည်။
   မြင်းခြံမြို့၏ စက်သုံးဆီ အရောင်းဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ ယခုလ ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများနှုန်းမှာ 92 Octance (၃၀၇၀) ကျပ်၊ 95 Octance (၃၁၂၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၈၀)ကျပ် ဖြစ်ကြောင်းသိရှိရသည်။ ဇွန်လ ပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance (၃၁၂၅)ကျပ်၊ 95 Octance (၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၇၅)ကျပ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခင်တစ်ပတ်ထက် ယခုဇူလိုင် ဒုတိယပတ်တွင်  ပြောင်းလဲခဲ့သော စက်သုံးဆီ တစ်လီတာဈေးများနှုန်းများအနေဖြင့် 92 Octanceတွင်(၅၅)ကျပ်၊ 95 Octance တွင် (၆၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ပရီမီယမ်ဒီဇယ်တွင်(၅) ကျပ်မြင့်တက်ခဲ့ကြောင်းနှင့် ရိုးရိုးဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ စက်သုံးဆီများကို  အများပြည်သူများအား နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)