
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဘုန်းဇဉ်ဈေးအတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥ၊ဘဲဥ၊ငုံးဥ အရောင်းဈေးနှုန်းများမှာ ကြက်ဥ(အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်ဥ (အလတ်)တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥ (အသေး) တစ်လုံးလျှင် (၄၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ဘဲဥဈေးနှုန်းများမှာ ဘဲဥ(အကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၆၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၅၅၀)ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပါသည်။ ငုံးဥဈေးကွက်အနေဖြင့် တစ်လုံးလျှင် (၁၀၀)ကျပ် ဖြင့် တစ်ထောင်ဖိုး (၁၀)လုံးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရ သည်။
DOCA(မန္တလေး)