သနပ်ပင်မြို့နယ်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ သနပ်ပင်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးစိုးဝင်း (ဒု-ကြီး/ကြပ်) ရေးမှူးသည် ပူးပေါင်းအဖွဲ့ဝင်ဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊မြို့နယ်ရဲတပ်ဖွဲ့များနှင့်အတူ (၁၀.၇.၂၀၂၅) ရက်နေ့ နံနက် (၈း၀၀) နာရီ အချိန်တွင် သနပ်ပင်မြို့မဈေးသို့ရောက်ရှိ၍ ဈေးအတွင်းရောင်းချနေသော ဈေးဆိုင်နှင့် ကုန်စုံဆိုင်များသို့ ရောက်ရှိ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းဖော်ပြခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)