
ယခုမိုးရာသီ ကာလ၏ ဇူလိုင်လတွင် နတ်တလင်းဈေးကွက်၌ ပြောင်းဖူးများပေါများ လျက်ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို နတ်တလင်းမြို့နယ်တွင် အများအပြား စိုက်ပျိုး ကြပြီး သကြားပြောင်းနှင့် ရိုးရိုးပြောင်းဟူ၍ ၂မျိုးစိုက်လေ့ရှိသည်။ နတ်တလင်းမြို့နယ်၌ ပြောင်းဖူးများ ကိုစီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းများလည်းရှိကြသည်။ ယခုအခါ နတ်တလင်း ဈေးအတွင်း၌ သကြားပြောင်းဖူး (၁)ဖူးလျှင်( ၅၀၀ ) ကျပ်နှင့် ရိုးရိုးပြောင်းဖူး(၁)ဖူးလျှင် (၂၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။