
ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြ သည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ် အဖြစ်ပြုလုပ်၍ ငါးပိရည်နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ခဝဲသီးဈေးနှုန်းမှာ အတောင့်အကြီးအသေးပေါ်မူတည်၍ (၅၀၀-၈၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူများထံမှ သိရှိရပါ သည်။
DOCA(ပဲခူး)