
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်း ပြည်တက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများ ဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း မနက် (၇:၀၀)နာရီမှ စတင်၍ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေး လျှက်ရှိပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်၊ ဆီနှင့် ကြက်ဥ အရောင်းစင်တာမှ ဒေသထွက်ကုန်ပစ္စည်း များအား စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)