ခရမ်းချဉ်သီးနှင့် အာလူးစျေးနှုန်းစျေးကွက်များ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ညဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ မိုးရာသီတွင် ခရမ်းချဉ်သီး ရှားပါးသောကြောင့်  ဇွန်လပထမပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ဇွန်လ ဒုတိယပထမပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာ (၇၀၀၀) ကျပ်နှုန်းရှိပြီး၊ ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ မိုးရာသီတွင် ခရမ်းချဉ်သီး ရှားပါးသောကြောင့်  ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပါသည်။ 

   ဇွန်လ ပထမပတ်တွင် ရောင်းချနေသော အာလူးဈေးနှုန်းမှာ အာလူးတစ်ပိဿာ (၇၀၀၀)ကျပ် ဖြစ်ပြီး ယခုဒုတိယပတ်တွင် ရောင်းချနေသော အာလူးဈေးနှုန်းများမှာ အာလူး တစ်ပိဿာ (၇၀၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အာလူး ဈေးနှုန်းများသည် တည်ငြိမ်နေပါသော်လည်း  အရောင်းဝယ်သွက်လျက်ရှိပါသည်။

  DOCA(ပဲခူး)