ရာသီချိန်လှိုင်လှိုင်ထွက် ပဲတောင့်ရှည်ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးဖြစ်ထွန်း လျှက်ရှိ၇ာ ယခုလအတွင်း ဟင်းသီးဟင်းရွက် စိုက်ခင်းများမှ  ပဲတောင့်ရှည်များ စိုက်ပျိုးဖြစ်ထွန်း လျှက်ရှိရာ လှိုင်လှိုင်ထွက်လျှက်ရှိပါသည်။ မိုးဦးကာလ ဇူလိုင်လအထိ ဟင်းသီးဟင်းရွက် (၂၂၄၄)ဧက စိုက်ပျိုးပြီးကြောင်း မြေစာရင်းဦးစီးဌာနမှ သိရပြီး ပဲတောင့်ရှည်သည် အနယ်နယ် အရပ်ရပ်ရှိ ဟင်းသီးဟင်းရွက် ဈေးကွက်များ၌ နှစ်စ   ရောင်းအား ကောင်းခဲ့၍ ယခုနှစ် ပေါင်းတည်မြို့နယ်၌ ပဲတောင့်ရှည် စိုက်ပျိုးသူ များပြားလာကြောင်း သိရှိရပါသည်။

   ထိုပဲတောင့်ရှည်ပင်ကို မိုးဦးကျမှ စတင်၍ စိုက်ပျိုးလေ့ရှိကြပြီး ရက်(၃၀)ခန့်  ကြာလျှင် စတင်ဆွတ်ခူး ရောင်း ချ နိုင်ကြောင်း နှင့် တစ်ဧက ကုန်ကျစရိတ်မှာလည်း ကျပ်သုံးသိန်းကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်များစွာရရှိသည့်အတွက် ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲကို တောင်သူများစွာ စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)