
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၀.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီက အမှတ်(၅)ရပ်ကွက်(၁၃)လမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ််အသား ဖော်ပြချက်ကိုက်ညီမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ အမှတ်(၅)ရပ်ကွက်၊ (၁၃)လမ်းရှိ မုန့်မျိုးစုံဆိုင် များတွင် ရောင်းချနေသောအသင့်စားမုန့်များတွင် ကုန်အညွှန်းဖော်ပြချက်ပြည်စုံမှုရှိ/မရှိ စစ်ဆေးရာတွင် ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ မြို့နယ်တာဝန်ခံမှ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှထုတ်ပြန် ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ဌာနမှလည်း ဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)