မြန်အောင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်သက်ဆိုင်ရာဌာနအဖွဲ့ဝင် များနှင့်ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၀.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထား ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ဆက်လက်၍စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အော် စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)