ဆေးဖက်ဝင် ကြောင်လျှာသီး/ကြောင်လျှာပွင့်ခြောက် ဈေးကောင်းရ

Powered by Drupal

   အညာဒေသ၌ စိုက်ပျိုးထွက်ရှိသော ကြောင်လျှာသီးပင်သည် ဆေးဖက်ဝင်သည့် အသီးအနှံ တစ်မျိုးဖြစ်ပြီး၊ အပင်မှသီးသော ကြောင်လျှာသီးအပြင်၊အပင်မှပွင့်သော ကြောင်လျှာပွင့်ကိုလည်း အခြောက်လှန်း၍ ရောင်းချရသဖြင့်  ဒေသခံများအနေဖြင့်လည်း မိသားစု ဟင်းတစ်ခွက်ရသည့်အပြင် အပိုဝင်ငွေရရှိသော ဒေသထွက်ကုန် ဖြစ်ပါသည်။

    ကြောင်လျှာသီးသည် အသည်းနှင့်ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေခြင်း စသည့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသည်ဟု လေ့လာသိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ‌ပထမပတ်တွင်  ကြောင်လျှာသီး တစ်တောင့်လျှင် အကြီးအ‌သေးပေါ် မူတည်၍  (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ပေါက်ဈေးဖြင့် ဈေးကောင်းရ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)