
ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန်လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယပါတ်ဈေးအနေဖြင့် ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် ၂၃၀၀၀ကျပ်၊ ဘိလပ်မြေ အယ်လဖာ ၁အိတ် ၂၂၅၀၀ ကျပ်၊ အပါချီ ၁အိတ် ၂၂၀၀၀၊ စက်အုတ် ၉ပေါက် ၁ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၅၀၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ယခင် လဈေးဖြင့် နှိုင်းယှဉ်ပါက သံချောင်းဈေးနှုန်းများ ၃၀၀၀၀-၅၀၀၀၀ကျပ် မြငိ့တက်လာကြောင်းတွေ့ရပြီး အခြားကုန်ဈေး နှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)