
ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရ ပါသည်။ ။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရ ပါသည်။ စျေးကွက်အတွင်း သို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသ ကြီးတို့မှဝင်ရောက်ကြောင်းသိရ ပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင် တစ် အိတ်လျှင် ပဲကြီး(လတ်) ၃၂၀၀၀၀ကျပ် နှင့် ၃၃၀၀၀၀ ကျပ်၊ ပဲကြီး (သေး)၂၅၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲကြီး (လတ်) ၅၇၉၂ ကျပ်နှင့် ၅၉၇၃ကျပ်၊ ပဲကြီး(သေး) ၄၅၂၅ ကျပ် နှင့်၅၄၃၀ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလ တူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ်နှင့် ၅၂၄၉ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၇၀၆ ကျပ်၊ပဲကြီး(သေး)၃၉၈၂ ကျပ်နှင့် ၄၂၅၃ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုစျေးနှင့်ယခင် နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီး စျေး မှာ ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)