
စက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှု အခြေအနေ များကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။
ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်း 92 တစ်လီတာ (၃၀၉၅)၊ 95 တစ်လီတာ(၃၁၄၅)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ (၂၇၇၀)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ (၃၄၂၀)ကျပ်ဖြစ်ပြီး ယခင်ပတ်နှင့် နှိုင်းယှဥ်ပါက စျေးနှုန်းများမှာ ကျဆင်းသွားကြောင်းသိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှု မရှိစေ ရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိ ပါသည်။
DOCA(တနင်္သာရီ)