
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် ဇူလိုင်လဆန်းမှစ၍ နှမ်းဈေးများ မြင့်တက်လာကြောင်း ပခုက္ကူဈေးကွက်မှ သိရှိရသည်။ နှမ်း သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇူလိုင်လ(ဒုတိယပတ်)တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် နွေ(နှမ်း)သီးနှံပေါ်ချိန်ဖြစ်သော်လည်း နွေ(နှမ်း)စိုက်ပျိုးချိန် တွင် တောင်သူများမှ စိုက်ပျိုးမှုလျော့နည်းခြင်းကြောင့် နှမ်းအထွက်နှုန်းနည်းပြီး နှမ်းရိတ်သိမ်းချိန် တွင် မိုးရွာသွန်းမှုများခြင်းကြောင့် အရည်အသွေးပြည့်ဝသော နှမ်းသီးနှံများရှားပါး၍ နှမ်းဈေးမြင့် တက်ကြောင်း၊ ပြည်ပနိုင်ငံများမှ နှမ်းနက်(စမုန်)များ အဓိကဝယ်ယူခြင်းဖြစ်၍ ဈေးတက် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ဝင်ရောက်မှုနည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက် ကုန်သည်များမှ သိုလှောင်ထားသောနှမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းမျိုးစုံအနက် မှ နှမ်းနက်(စမုန်)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေး လိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၂၈၀၀၀၀-၂၇၀၀၀၀-၂၅၀၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၁၅၅၀၀-၉၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၉၇၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၁၀၆၀၀၀-၉၅၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၉၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ်(၁၀၀၀၀)ခန့်ဈေးတက်ပြီး ကျန်နှမ်းအမျိုးအစားများမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအားကောင်း၍ ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း ရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများ ကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ် နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။
DOCA(မကွေး)