စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         (၁၄.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ (၂)ဦးတို့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ Regency စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Regency မှ အရောင်းတာဝန်ခံ ဦးစိုးနိုင်မှ မိမိဆိုင်တွင် စက်သုံးဆီ Octane 92, Octane 95, Diesel ,Premium Diesel ဆီ(၄)မျိုးကို ရောင်းချလျက်ရှိပြီး ရောင်းချသော ဈေးနှုန်း၊ ဆီဘောက်ဆာကားဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများကို နေ့စဉ်စာရင်းပြုစုပေး ပို့လျက်ရှိပြီး ဈေးနှုန်းကိုလည်း LED ဘုတ်များဖြင့် တင်ပြထားပါကြောင်း၊ ရရှိသောဆီခွဲတမ်းများအား စနစ်တကျမှန်ကန်စွာ ရောင်းချပေးပါကြောင်း၊ ဆီပြတ်လပ်မှုရှိပါ ကြောင်း၊ စက်သုံးဆီလက်ကျန်စာရင်းနှင့် ဆီဘောက်ဆာကားအဝင်များကိုလည်း သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)