
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာ လျှင်(၂၄၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)