
ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်လျက်ရှိရာ နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။
နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့်လည်းကောင်း ပန်တိမ်ငို (ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်) အခက်အကြီး တစ်ခက်လျှင်(၃၅၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ ပန်တိမ် ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်)အခက်သေး တစ်ခက်လျှင်(၂၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်းလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရသည်။
DOCA(စစ်ကိုင်း)