ရွှေဈေးနှုန်းများဆက်လက် မြှင့်တက်လျက်ရှိ

Powered by Drupal

          လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ လူနေထိုင်မှုအများဆုံးမြို့ဖြစ်ပြီး  ကုန်စည်ကူးသန်းရောင်းဝယ်မှုလည်း အဓိက အချက်အခြာကျသော မြို့မြို့ဖြစ်ပါသည်။ ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် စိန်၊ ရွှေ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများရှိ၍ လိုချင် သည့် စိန်၊ရွှေ၊ကျောက်မျက်ရတနာများ စိတ်တိုင်းကြဝယ်ယူရရှိနိုင်ပြီး ရွှေထည်လက်ဝတ်ရတနာများကို ကိုယ်ပိုင် ပန်းတိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း၊ မန္တလေး၊တောင်ကြီးဘက်မှလည်း ရွှေထည်များမှာယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ ဩဂုတ်လအတွင်း ဈေးကွက်တွင်ဖြစ်ပေါ် နေသော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၅၇၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၃၀၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်ဇူလိုင် ဒုတိယပတ်တွင်  ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၀၅၈၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၁၉၅၀၀၀၀) ကျပ်သာ ရှိခဲ့ပြီး ယခု ဩဂုတ်လဒုတိယပတ်နှင့် ယခင်ဇူလိုင် ဒုတိယပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၅၁၂၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၃၅၀၀၀၀)ကျပ်ခန့်ဈေးနှုန်းများ မြှင့်တက်လာကြောင်း၊ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြင့်လာခြင်းကြောင့်ဖြစ်သည့်ဟု သိရပါသည်။

DOCA(ကယား)