ပြည်ပဝယ်လိုအားပဲသီးနှံများ ဈေးနှုန်းမြင့်တက်လာခဲ့

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများမြင့်တက်ရောင်းဝယ်လျှက်ရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းဈေးများ တရိပ်ရိပ်မြင့်လျှက်ရှိသောကြောင့် ယခုရက်တွင် တစ်တင်း ၆၀၀၀၀ကျပ်နှုန်းဖြင့် အချို့ လှောင်ပဲ သမားများက ထုတ်ရောင်းချခဲ့ကြသောကြောင့် အိတ် ၂၀၀/၃၀၀ကျော် ရန်ကုန်ဝယ်လက် အဝယ်လိုက်သည့်ရက်တွင် အရောင်းအဝယ်ပိုသွက်ခဲ့ကြောင်းသိရပါသည်။ ပဲတီစိမ်းသီးနှံသစ် များမှာဖြင့် ပဲသစ်ဝင်ရောက်မှုအပေါ်မူတည်၍ မန္တလေးလိုင်းသမားများဝယ်ယူမှု ရှိခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံ ဈေးမှာ တစ်တင်း ၄၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် မတ်ပဲသီးနှံဈေးကို မမှီသော်လည်း ယခင်နှစ်ဈေးထက်စာလျှင် ဈေးပိုရလျှက်ရှိခဲ့ပါသည်။ ပဲစင်းငုံသီးနှံမှာလည်း ပဲအဝင် နေ့စဉ်မရှိသော်လည်း လှောင်ပဲလက်ကျန်များရှိခဲ့၍ ရန်ကုန်ဝယ်လက် အဝယ်ရှိသည့်အခါ အိတ် ၂၀၀/၃၀၀ကျော် ရောင်းချခဲ့ကြရပြီး ပဲဈေးမှာ တစ်တင်း ၅၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည့်အတွက် ပြည်ပဝယ်လိုအားရှိသော ပဲဈေးကွက်တွင် မတ်ပဲသီးနှံပြီးလျှင် ပဲစင်းငုံသီးနှံဈေးကောင်း ရခဲ့သော  နှစ်ဖြစ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)