
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင် သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့် မုံရွာမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးပင်စိုက်ပျိုးရှင်သန်ရာနေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ဖြစ်သည်။ ပခက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ နှင့် အရာတော်မြို့နယ်တို့တွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရှိရပါသည်။
သနပ်ခါးသည် မြန်မာလူမျိုးများအတွက်ချစ်ခင်မြတ်နိုးတန်ဖိုးထား နှစ်သက်ကြသည့်အရာတစ်ခု လည်းဖြစ်ပါသည်။ သနပ်ခါးကို အလှအပအတွက်သော်လည်းကောင်း၊ နေပူဒဏ် နေလောင်ဒဏ်မှ ကာ ကွယ်ရန်အတွက်သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း သုံးစွဲကြပါသည်။သနပ်ခါးကို ကလေး၊ လူကြီး ကြိုက်နှစ်သက်သလို အမျိုးသမီးများအပြင် အမျိုးသားမှာလည်း လိမ်းချယ်ကြလေ့ ရှိပါသည်။ သနပ်ခါးသည် ဆောင်တွင် နွေး၍ နွေတွင် အေးစေသည့်ဆိုရိုးအတိုင်း သနပ်ခါးလိမ်းထားလျှင် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အသားအရေကိုအေးမြချောမွေ့ စေသည့်အတွက် အမျိုးသမီးတိုင်း အရမ်းကြိက်နှစ်သက်စွာလိမ်းခြယ်ကြသည်ကိုသိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ရောင်းချနေသော သနပ်ခါးတုံး ဈေးနှုန်း အနေဖြင့် အကြီး အသေးပါ်မူတည်၍အစားစားရှိပြီး သနပ်ခါး အကြီး အပွေး အထူအပါးပေါ်မူတည်၍ တစ်တုံးလျှင် (၅၀၀၀/၄၀၀၀/၃၀၀၀)ကျပ်၊ သနပ်ခါး အတုံး အသေး အပွေးအထူ အပါးပေါ်မူတည်၍ တစ်တုံးလျှင် (၂၀၀၀/၂၅၀၀/၂၈၀၀)ဈေးနှုန်း အသီးသီတို့ဖြင့် ရောင်းချ လျက ရှိကြောင်း ကျွန်းလှမြို့ သနပ်ခါးတုံး ရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)