ပြည်ကုန်စည်ဒိုင် ပဲမျိုးစုံဈေးတက်လျှက်ရှိ

Powered by Drupal

         ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစတွင် ပဲဈေးများတက်လျှက်ရှိပြီး အရောင်းအဝယ်ရှိသောပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ တို့ဖြစ်ပါသည်။  

      ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစမှာ မတ်ပဲပိဿာ(၂၀)ဝင် တစ်တင်းကို  ၅၄၅၀၀-၅၅၀၀၀ ကျပ်ဖြင့် တစ်ရက်ကို ၁၅၀/၂၀၀ခန့် အရောင်းအဝယ် ဖြစ်ပြီး  ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို (၅၈၅၀၀-၅၉၀၀၀-၅၉၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

         ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး ပဲတစ်တင်းကို ၄၉၅၀၀-၅၀၀၀၀-၅၀၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံဈေး ပိုတက်လာပြီး ပဲတစ်တင်းကို (၅၈၀၀၀-၅၈၅၀၀-၅၉၀၀၀)ကျပ်ဖြင့် အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်တင်ပို့လျှက်ရှိပါသည်။

         ကုလားပဲသီးနှံဈေးမှာ ဩဂုတ်လ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၅၃၀၀၀- ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ ရန်ကုန်ဝယ်လက်တို့ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လကထက် ဈေးတက် လာခဲ့ပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ နှင့် တစ်ခါတစ်ရံနယ်စုံ တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀ ခန့် အဝယ်ရှိပါသည်။

          ဩဂုတ်လပထမပတ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို (၆၇၀၀၀၊၆၈၀၀၀၊၇၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင်  ပဲကြီး(ကမ်းနား) တစ်တင်းကို ၆၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဩဂုတ်လ အစတွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး တစ်တင်းကို ၃၇၀၀၀-၃၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို  အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ 

          ဩဂုတ်လပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၉၈၀၀၀-၁၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ် ၃၀/၄၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို  ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲများ ပုံမှန်အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)