ရာသီပေါ်တို့စရာ သရက်ကင်းနှင့် ပြည် အာလူးအရောင်းအဝယ်ပုံမှန်ဖြစ်

Powered by Drupal

          ပြည်ဈေးကွက်တွင် ဩဂုတ်လ မှစ၍  တို့စရာအဖြစ်အသုံးပြုရသော သရက်ကင်းများ စတင်ဝင်ရောက်လာခဲ့ပါသည်။ သရက်ကင်းမှာ လူအကြိုက်များသော တို့စရာတစ်မျိုးဖြစ်ပြီး ပြည်မြို့အနီး တဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော သရက်ကင်းများကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားသောဈေးများတွင် ရောင်းချလျှက်ရှိပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားကို ၅၀၀ကျပ် ဖြစ်ပြီး တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရှိိရပါသည်။ စားသုံးသူများရှိသဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါ သည်။

          ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်မှာ ရှမ်းအားလူးများဈေးငြိမ်လျှက်ရှိပါသည်။ ပြည်အာလူး ပွဲရုံများမှလည်း မိမိတို့အရောင်းအဝယ်ဖြစ်သည့် အာလူးပိဿာချိန်ကိုသာ ပြန်လည် မှာယူတင်သွင်းရောင်းချကြောင်း သိရှိရပါသည်။ ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများဖြင့်သာ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားခရိုင်နှင့် တိုင်းများသို့ ကြက်သွန်ဖြူနှင့် တွဲ၍လည်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် အာလူးတစ်ပိဿာလျှင် လက်ကား (ပွဲရုံဈေး) အရည်အသွေးပေါ်မူတည်၍ ကျပ် ၁၅၀၀-၁၇၀၀-၁၈၀၀-၂၀၀၀ ဈေးရှိပြီး လက်လီ တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀ ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)