တောင်သာမြို့နယ် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး ၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၂)ရက်နေ့နံနက် ၀၈:၀၀ နာရီအချိန်တွင်လည်း ကောင်း၊ (၁၂.၈.၂၀၂၂)ရက်နေ့နံနက် ၀၇:၃၀ နာရီအချိန်တွင်လည်းကောင်း တောင်သာမြို့ရှိ စားသုံးဆီ ဝယ်ယူရောင်းချသောလုပ်ငန်းရှင် ဦးဧရာ(AT-ရောင်းဝယ်ရေး) မှ စားအုန်းဆီများ ဈေးကားဖြင့် လက်လီလှည့်လည်ရောင်းချနေမှုအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ရောင်းချမှုတွင် တစ်ရက်ကို  စားအုန်းဆီပိဿာချိန်(၆၆၀)ပိဿာအား တစ်ပိဿာ(၄၂၀၀)ကျပ်ဈေး နှင့်  တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်(၂)ရက်ဆက်တိုက် ပိဿာချိန်ပေါင်း(၁၃၂၀)အားရောင်းချ ပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ အနီးအနားရှိကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများ ဝမ်း မြောက်/ဝမ်းသာစွာ လာရောက် ဝယ်ယူခဲ့ကြပါသည်။ယခုလိုစားအုန်းဆီများရောင်းချမှုတွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြင်ပပေါက်ဈေးအောက် ထက်ဝက်ခန့် ဈေးသက်သာကာ အမှန်တကယ်လိုအပ်သောစားသုံးသူ လက်ဝယ်သို့ရောက်ရှိသည့်အတွက်  လုပ်ငန်းရှင်များအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)