စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၀.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)မှ (၁၄:၀၀)နာရီထိ ချောက်မြို့အမှတ်(၇)ရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေ-၂၀၁၉ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား ကျောင်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ ဆရာ/ဆရာများနှင့်ပူးပေါင်းပြီး သက်တမ်းလွန်၊ မှိုတက်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများမရောင်းချရေး အသိပညာပေး ဆွေးနွေးပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ စားသုံးသူရေးရာအသိပညာပေး ဆွေးနွေးပွဲသို့ ချောက်မြို့၊ အမှတ်(၇) ရွာဟောင်းရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ(၁၂)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)