ပခုက္ကူကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

              ဩဂုတ်လပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှ အဓိကစိုက်ပျိုးထုတ်လုပ်သော ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ပဲနီပြား၊ ထောပတ်ပဲ၊ ပဲလွန်း၊ အခြားပဲ၊နှမ်းမျိုးစုံနှင့် အခြားဒေသများမှ စိုက်ပျိုးသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၄၉၅၀၀)ကျပ်မှ (၅၈၅၀၀)ကျပ်၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်(၄၉၅၀၀)ကျပ်၊ ကုလားပဲဝါလုံးကြီး(929) တစ်တင်း လျှင် (၅၀၃၀၀)ကျပ် မှ (၅၀၅၀၀)ကျပ်ထိ ၊ ပဲတီစိမ်းကြီးမှာ တစ်တင်းလျှင်(၄၄၀၀၀)ကျပ် ၊ ပဲတီစိမ်းသေးမှာ အရည်အသွေး ကို လိုက်၍ တစ်တင်းလျှင် (၄၅၀၀၀)ကျပ် မှ (၄၉၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၆၁၀၀၀)ကျပ် မှ (၆၂၅၀၀) ကျပ်၊ဈေးနှုန်းဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

           ဩဂုတ်လပထမပတ်၏ အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ(၅၀) အိတ်မှ (၂၀၀)၊ ကုလားပဲဝါ (HL)(၂၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး(929) (၂၀၀)အိတ် ကုလားပဲဖြူလုံးကြီး(V2) (၂၀၀) အိတ်၊ ပဲတီစိမ်းကြီး(၅၀၀)အိတ်၊ ပဲတီစိမ်းသေး(၈၀၀)အိတ်၊ နှမ်းညိုသစ်(၅၀၀)အိတ် အရောင်းအဝယ် ဖြစ်နေပြီး ပဲနှမ်းတင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့ပြီး ယခုတစ်ပတ်တွင် ပဲတီစိမ်းမှာအများဆုံးဖြစ်ပြီး အခြားပဲများမှာကုလားပဲ အမျိုးမျိုးနှင့် နှမ်းညိုများ တင်ပို့လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)