ရေစကြိုမြို့ရှိ ပဲကြော်လုပ်ငန်းများအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရေစကြိုမြို့နယ် တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြည်ကြည်စိုးတို့သည် ပခုက္ကူခရိုင်၊ ရေစကြို မြို့၊ အမှတ် (၇)ရပ်ကွက်ရှိ ဒေါ်မြင့်ဆွေ၏ မုန့်မျိုးစုံဆိုင်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု မရှိသည့် အစားအသောက်များရောင်းချခြင်း ရှိ/ မရှိကို  ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်၍ အမှတ် (၈) ရပ်ကွက်၊ ကောင်းသန့် ပဲကြော်နှင့် စတားပဲကြော်လုပ်ငန်းများတွင် ကုန်ကြမ်းများဝယ်ယူရသည့်အခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သုံးစွဲသည့် ဆီအမျိုးအစား၊ ဆီဝယ်ယူရရှိမှုနှင့် သုံးစွဲမှု အခြေအနေများကို မေးမြန်းရာတွင် ကောင်းသန့်ပဲကြော်မှ မန်နေဂျာ ဦးမျိုးလွင်က ထုတ်လုပ်မှုမှာ တစ်နေ့လျှင် ပိဿာ(၃၀) ပါ အိတ် (၁၀၀) ကြော်ရကြောင်း၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် (၁) ပိဿာကို (၆၅၀၀/-) ရရှိကြောင်း၊ အခုအခါမှာ ပဲကြော်ရန် ဆီအလုံအလောက်ဝယ်ယူ၍ မရသောကြောင့် မကြော်နိုင်ကြောင်း၊ နိုင်ငံတော်မှ ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိပါက အဆင်ပြေပြီး အလုပ်သမားများလည်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ကြောင်း၊ စားသုံးသူများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ကြောင်းများကို ပြောပြခဲ့ပါသည်။

DOCA(မကွေး)