ကြက်သွန်နီဈေးနှုန်း မြင့်တက်လျက်ရှိ

Powered by Drupal

             ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှု လျော့နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာမှ အများဆုံးတင် သွင်းရပြီး ဩဂုတ်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ(၁၆)အိတ် (၄၈၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဩဂုတ်လ တတိယပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက် သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးလတ်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊အလုံးသေးတစ်ပိဿာလျှင်(၁၈၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇူလိုင်လတတိယပတ်တွင် အလုံးကြီးတစ်ပိဿာလျှင်(၂၂၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊အလုံးသေးတစ်ပိဿာလျှင်(၁၈၀၀)ကျပ် ယခင် ဇူလိုင်လ တတိယပတ်နှင့် ယခု ဩဂုတ်လ တတိယပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီ အလုံးကြီးတစ်ပိဿာ (၃၀၀)ကျပ်၊ အလုံး သေးတစ်ပိဿာ(၂၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြှင့်၍ သယ်ယူစရိတ်များ  မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)