ဈေးကွက်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်း မြှင့်တက်လျက်ရှိ

Powered by Drupal

            စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိသောငရုတ်သီးစိမ်းကို‌ ဒေသတွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစား အသောက် များ၊ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။ ယခုလက်ရှိဩဂုတ်လတွင်ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၃၅၀၀)ကျပ်သာရှိခဲ့ပြီး ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင်ငရုတ်သီးစိမ်း တစ်ပိဿာလျှင်(၁၀၀၀) ကျပ်ခန့်မြှင့်တက်လာကြောင်း ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ လုပ်သားခနှင့် သွင်းအားစုများ ဈေးနှုန်းမြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ငရုတ်သီး စိုက်ပျိုးရောင်းချသူ တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)